" ကြေညာချက်"
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ရန်ကုန်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ပထမနှစ် (၅/၂၀၂၂)သင်တန်း၏ ကျောင်းအပ်လက်ခံ နောက်ဆုံးရက်(၂၇-၅-၂၀၂၂) ရောက်ရန် (၂)ရက်သာ လိုပါတော့သည် ယခုအချိန်ထိ ကျောင်းလာရောက်အပ်နှံသူဦးရေမှာ ၇၀% ခန့် ရှိနေပြီ ဖြစ်ပါသည်။ ကျောင်းသား/သူ အနည်းစုသာလာရောက်အပ်နှံရန် ကျန်ရှိတော့ပါ၍ ကျောင်းအပ်လက်ခံ နောက်ဆုံးရက်မတိုင်မီ လာရောက်အပ်နှံရန် လိုအပ်ပါကြောင်းနှင့် လာရောက်အပ်နှံခြင်း မရှိပါက ဤတက္ကသိုလ်သို့ တက်ခွင့်ရစာရင်းမှ ပယ်ဖျက်ခံရမည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။